ပညာရေးထူးချွန်ရုံတင်မကဘဲ တစ်နိုင်ငံလုံးအဆင့် ယှဉ်ပြိုင်မှုတွေမှာပါ တောက်ပနိုင်သူတွေကို မွေးထုတ်ပေးရတာဟာ ကျွန်မတို့ OiAC (Our Inspiration Academic Center) ရဲ့ အကြီးမားဆုံးသော ကျေနပ်မှုပါပဲ။
ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြန်မာတစ်နိုင်ငံလုံး (ဗဟိုအဆင့်) သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် "တတိယ" ဆုကို ထူးချွန်စွာ ဆွတ်ခူးရရှိခဲ့သော Grade-9 မှ မောင်ဉာဏ်စွမ်းပိုင် အတွက် ကျွန်မတို့ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
မောင်ဉာဏ်စွမ်းပိုင်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဉာဏ်ရည်ထက်မြက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့... လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် (Grade-10) အတွက် "ပညာသင်စရိတ် တစ်နှစ်ပတ်လုံး ကင်းလွတ်ခွင့်" (Full Scholarship) ကို OiAC မှ ထိုက်ထိုက်တန်တန် ချီးမြှင့်လိုက်ပါတယ်။
OiAC ဆိုတာ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးပြီး အောင်မြင်မှုမှတ်တိုင်တွေဆီကို အတူတူ လျှောက်လှမ်းပေးနေတဲ့ နေရာတစ်ခုပါ။ မောင်ဉာဏ်စွမ်းပိုင်ကဲ့သို့ ထူးချွန်တဲ့ လူငယ်လေးများစွာ ပေါ်ထွန်းလာဖို့ ကျွန်မတို့ OiAC မှ အစဉ်အမြဲ ကြိုးပမ်းသွားမှာပါ။
"Reward for Excellence, Inspiration for Future."
“We are Family OiAC”
“OiAC is Authenticity ”
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ် ၃၂၃၊ သစ္စာလမ်းမကြီး၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
09 764370191, 09 767770191, 09 43070190, 09 43070191